Currency
01-667758 , 09-894 0990 77
110 ပြည်လမ်း (8မိုင်လမ်းဆုံ) ဒုတိယထပ် (အခန်း 17) မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
admin@ygnhome.com

Seller Guide (အိမ်ရောင်းသူများ လမ်းညွှန်)

Myanmar Seller Guide

Myanmar Seller Guide Myanmar Seller Guide  

  • အားလုံး
  • စာချုပ်
  • ဆောင်ရွက်နည်း
  • ဈေးကွက်
  • နိုင်ငံခြားသား
  • ပိုင်ဆိုင်မှု
  • ဗဟုသုတ
  • ဘာသာခြား
  • ရင်းနှီးမြှပ်နှံမှု
  • သေတမ်းစာ
  • အခွန်
  • အမွေ
  • အိမ်ထောင်ဆက်

ပြဋ္ဌာန်းလာမည့် 2018 ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေနှင့် တိုးတက်လာနိုင်မည့် အိမ်ခြံမြေစျေးကွက်

အိမ်မြေစံနှုန်း အသစ်နဲ့ သတ်မှတ်ထားတဲ့ အိမ်မြေ တန်ဖိုးအပေါ် ၂ဝ၁၈ ခုနှစ် ပြည် ထောင်စုအခွန်အကောက်ဥပဒေနဲ့အညီ ပထမခြောက်လအတွင်း တင်ပြရင် ၃ ရာခိုင်နှုန်းထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ စာချုပ်စာတမ်းမှတ်ပုံ တင်ခကိုလည်း ယခင် ၇ ရာခိုင် နှုန်းမှ ၄ ရာခိုင်နှုန်းအဖြစ် လျှော့လိုက်တဲ့အတွက် စုစုပေါင်းပေးသွင်းရမယ့် အခွန်အခမှာ ၇ ရာခိုင်နှုန်းသာဖြစ်ပါ တယ်”

“ဒါဆိုအရင်က ပေးဆောင်ရတဲ့ အခွန်အခနှုန်းထား ၃၇ ရာခိုင်နှုန်းထက် အများကြီးကွာခြားသွားပြီပေါ့ နော်”

စွန့်လွှတ်ကြောင်း ကြေညာခံထားရသည့် ဇနီး၊ ခင်ပွန်းတို့နှင့် ဆက်စပ်နေသော အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်

“ဇနီးဖြစ်သူက နိုင်ငံခြားမှာ နောက်အိမ်ထောင်ပြုတယ်ဆိုတာကတော့ အိမ်မြေအရောင်းအဝယ်ဖြစ် အောင် ဝယ်သူယုံကြည်အောင် ပြောတာလည်းဖြစ်နိုင်တယ်။ အမှန်တကယ် အိမ်ထောင်ကျနေကြောင်း အထောက်အထားခိုင်လုံရင်တော့ ဥပဒေအရ အမွေရခွင့်မရှိဘူး။ မြန် မာ့ဓလေ့ထုံးတမ်းဥပဒေမှာ မယားဖြစ်သူက ပထမလင်ယောကျ်ားနဲ့ တရားဝင်ကွာရှင်းခြင်းမရှိသေးဘဲ နောက်အိမ်ထောင်ပြုမယ်။ တစ်နည်းပြောရရင် ဖောက်ပြန်မယ်ဆိုရင် မိမိရရှိမယ့် လင်မယားနှစ်ဦးပိုင်ပစ္စည်း များအပေါ် ဆုံးရှုံးခံရမယ်လို့ ပြဋ္ဌာန်း ထားပါတယ်”

“ဒါကြောင့် လင်ယောကျ်ားက ဇနီးနောက်အိမ်ထောင်ပြုသွားလို့ မဆိုင်ဘူးဆိုပြီး ပြောတာဖြစ်မယ်”

ဇနီးကကန့်ကွက်ထားသည့် ခင်ပွန်းသည်အရွယ်မရောက်မီက ဝယ်ထားသော အိမ် မြေ တိုက်ခန်းကို ဝယ်မည်ဆိုလျှင်

မိဘတွေက တရုတ်လူမျိုး၊ ဗုဒ္ဓဘာသာဝင်၊ စီးပွားရေးသမားတွေဆိုတော့ တိုက်ခန်းတွေ၊ အိမ်၊ မြေ ဝယ်ထား တာတွေများနေတော့ သားသမီး အမည်ထားပြီး ဝယ်တာတွေရှိတယ်လို့ ပြောပါတယ်။ ဒါကြောင့် အသက်မပြည့်တာကို သတိမထားမိဘဲ သူ့အမည်နဲ့ တိုက်ရိုက်စာချုပ် ချုပ်ခဲ့တယ်လို့ ပြောတယ်”

“ဥပဒေအရ ပြောရရင်တော့ အသက် ၁၈ နှစ်ပြည့်ပြီးမှ အရွယ်ရောက်သူလို့ သတ်မှတ်ပါတယ်။ အရွယ်မရောက်သေးသူက အရောင်းအဝယ်စာချုပ်စာတမ်းချုပ်ဆိုခွင့် မရှိပါဘူး။ တကယ်လို့ ချုပ်ဆိုထားရင်လည်း ဥပဒေအရ ပျက်ပြယ်တဲ့ စာချုပ်ပဲ ဖြစ်လာမှာဖြစ်တယ်”

နိုင်ငံခြားသားနှင့် လက်ထပ်ထားသော မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီး၏ အမည်ပေါက်အိမ်ကို ဝယ်မည်ဆိုလျှင်

“ပုဂ္ဂလိကပိုင်မြေပေါ်မှာဆောက်တဲ့ ကွန်ဒိုဖြစ်တဲ့အတွက် အဲဒီလို ကွန်ဒိုတိုက်ခန်းတွေကို နိုင်ငံခြားသားများက ဝယ်ယူခွင့်၊ လွှဲပြောင်းရောင်းချခွင့်မရှိပါဘူး။ ဒါကြောင့်လည်း မူလဝယ်စဉ်ကပင် မြန်မာလူမျိုးဖြစ်တဲ့ ဇနီးဖြစ်သူ အမည်နဲ့ဝယ်ထားတာဖြစ်တယ်”

“လင်ယောကျ်ားဖြစ်သူက ဇနီးအမည်နဲ့ ဝယ်ထားတဲ့ပစ္စည်းကို ပြန် လည်ရောင်းချခွင့်မူရှိဘူးလားဆရာ။ လင်ယောကျ်ားရဲ့ စီးပွားရှာဖွေမှုနဲ့ ရလားတဲ့ အဆောက်အအုံဖြစ်လို့ လင်ယောကျ်ားက လုပ်ပိုင်ခွင့်မရှိဘူး လား”

အမွေရှင်မကွယ်လွန်မီ မိသားစုစီမံပြုလုပ်ထားသော အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်

“မိဘများ ကွယ်လွန်ပြီးအမွေခွဲ ဝေရမယ့်ပစ္စည်းမှာ သုံးလေးမျိုးရှိမယ်။ သားသမီးကလည်း သုံးလေး ယောက်ရှိမယ်ဆိုရင် အမှတ်စဉ်(၁)ဖြစ်တဲ့ သမီးအကြီးဆုံးကို ဘယ်မြေကွက်၊ အမှတ်စဉ်(၂) သားကို ဘယ်ပစ္စည်းစသဖြင့် ခွဲဝေပေးထားမယ်။ အဲဒီလိုခွဲဝေထားတဲ့ ပစ္စည်းတွေထဲက အိမ်နဲ့မြေကို အမွေရသူက ပြန်ရောင်း ချင်တယ်ဆိုပါတော့။ အဲဒီလို အခြေအနေမျိုးမှာ မိမိရရှိတဲ့ အမွေပစ္စည်း အိမ်မြေကို တစ်ဦးတည်း ပိုင်ဆိုင်ကြောင်း ကြေညာပေးပါရန် တရားရုံးမှာ လျှောက်ထားရပါမယ်။ တရားရုံးက ခွင့်ပြု၊ အတည်ပြုခဲ့ရင်တော့ အဲဒီတရားရုံးရဲ့ အမိန့်ဒီဂရီအရ အဆိုပါမြေနဲ့ အိမ်ကို မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ပြုလုပ်ချုပ်ဆို ခွင့်ရှိမှာဖြစ်တယ်”

အရောင်းအဝယ် စာချုပ်များတွင် ဖော်ပြသော ကိုယ်စားလှယ်လွှဲစာရသူနှင့် တရားဝင်ကိုယ်စားလှယ်ဆိုသည်မှာ

ဥပဒေနဲ့အညီ မိမိကိုယ်စားဆောင်ရွက်ပိုင်ခွင့်ပေး ထားတဲ့ ကိုယ်စား လှယ်လွှဲစာရသူကို ခေါ်ပါတယ်။ ရှင်းအောင်ပြောရရင် လူအများသုံးစွဲပြောဆိုနေကြတဲ့ G.P အထွေထွေကိုယ်စားလှယ်လွှဲစာ၊ S.P အထူးကိုယ်စားလှယ်လွှဲစာနဲ့ ပေးအပ် လွှဲထားခြင်းဖြစ်တယ်”
“ဒါဆိုရင် ကိုယ်စားလှယ်လွှဲစာရသူဆိုတာက ကိုယ်စားလှယ်စာလွှဲ အပ်သူ အသက် ထင်ရှားရှိနေစဉ်မှာပဲ သူ့ကိုယ်စားဆောင်ရွက်ခွင့်ရှိသူဖြစ်တယ်။ တရားဝင် ကိုယ်စား လှယ်ကတော့ ကွယ်လွန်သွားသူ ကိုယ်စားဥပဒေအရ ဆောင်ရွက်ခွင့်ရှိတဲ့သူ လို့ ခေါ်မှာပေါ့နော်”

အမွေမမီမြေးများနှင့် ဆက်စပ်နေသော အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်

“သြရသ သားသမီးက အမွေ ဘယ်လိုခံစားခွင့်ရှိသလဲ ဆရာ”

“ဖခင်ကွယ်လွန်လျှင် သြရသ သားသည်လည်းကောင်း၊ မိခင်ကွယ် လွန်လျှင် သြရသသမီးသည်လည်း ကောင်း၊ အမွေ၏ လေးပုံတစ်ပုကို ရခွင့်ရှိတယ်လို့ မလှဦးနှင့် မောင်ရွှေ ရင် ရန်ကုန်စီရင်ထုံး အတွဲ (၁) စာ မျက်နှာ-၃ရဝ အမှုမှာ လမ်းညွှန်ဆုံး ဖြတ်ထားပါတယ်”

“ဒါဆိုရင် အခုကိစ္စမှာ သား အကြီးက အရင်ကွယ်လွန်သွားတာ မဟုတ်လား”

“မိခင်မကွယ်လွန်မီ သားအကြီး က အရင်ကွယ်လွန်သွားတာဖြစ်တဲ့ အတွက် မိခင်ကြီး မကွယ်လွန်မီမှာ သားအကြီးကို သြရသသားသမီးအ ဖြစ် အမွေခွဲပေးထားခဲ့ရင်တော့ ယခု အမွေမမီ မြေးများက ရပိုင်ခွင့်ရှိမှာ မဟုတ်တော့ဘူး”

အန္တရာယ်ရှိနိုင်သော တိုက်ခန်းကို ဝယ်မည်ဆိုလျှင်

“စည်ပင်သာယာရေး ဥပဒေ ပုဒ်မ-၈၁ (က) မှာ မြို့တော်နယ် နိမိတ်အတွင်းရှိ အဆောက်အအုံ တစ်ခုသို့မဟုတ် ယင်း၏ အစိတ်အ ပိုင်းတစ်ခုခုသည် ကျန်းမာရေးနှင့် ညီညွတ်ခြင်းမရှိကြောင်း ဘေး အန္တရာယ်ကျရောက်နိုင်ကြောင်း သို့ မဟုတ် လူနေထိုင် အသုံးပြုရန် သင့် လျော်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိ လျှင် အဆောက်အအုံ၌ နေထိုင်သူ သို့မဟုတ် ပိုင်ရှင်အား ဆက်လက် နေထိုင်ခြင်းမပြုရန် တားမြစ်ခြင်း၊ တားမြစ်ခြင်းကို လိုက်နာခြင်းမရှိပါ က ယင်းအဆောက်အအုံမှ ဖယ်ရှား ခြင်း၊ ပြန်လည်ပြင်ဆင်တည်ဆောက် ခွင့်ပြုခြင်း သို့မဟုတ် ဖြိုဖျက်စေခြင်း ကို ဆောင်ရွက်နိုင်တယ်လို့ ပြဋ္ဌာန်း ထားပါတယ်”

ဘာသာမတူသည့် မိသားစုပိုင် အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်

“သိပ်တော့ ခက်ခဲတဲ့ကိစ္စ မဟုတ်ပါဘူး။ ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်မာလာပါ ငါးဦးနှင့် ဒေါ်မြင့်မြင့် ခိုင်ပါ လေးဦး၊ ၂ဝဝ၅ ခုနှစ် မြန်မာ နိုင်ငံ တရားစီရင်ထုံး စာမျက်နှာ (၁) အမှုမှာ သမီးဖြစ်သူသည် မူလက အမွေရှင်မိခင်နည်းတူ အစ္စလာမ် ဘာသာဝင်ဖြစ်ပြီး နောက်ပိုင်းတွင် ဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်ခဲ့ လျှင် ထိုသို့ ပြောင်းလဲကိုးကွယ်မှု ကြောင့် မိခင်ထံမှ အမွေရပိုင်ခွင့် မဆုံးရှုံးနိုင်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ဘာသာကူးပြောင်း ကိုး ကွယ်ခြင်းကြောင့် မူလကိုးကွယ်သည့် ဘာသာအရ အမွေဆက်ခံရရှိခွင့်ကို ဆုံးရှုံးခြင်းမရှိကြောင်း တွေ့ရတယ်”

“အခုကိစ္စမှာလည်း သမီးဖြစ်သူက မူလက အစ္စလာမ်ဘာသာကို ကိုး ကွယ်ပြီး အိမ်ထောင်ပြုမှ ဗုဒ္ဓဘာသာ ကူးပြောင်းခဲ့တာမှန်တယ်ဆိုရင် အမွေဆက်ခံခွင့်ရှိတယ်ပေါ့”

တစ်လင်တစ်မယားစနစ်ဥပဒေအရ ကွာရှင်းပြီးနှစ်ဦးပိုင် အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်

“မှန်ပါတယ်။ ယင်းဥပဒေပုဒ်မ (၁၃) အရ ပြစ်မှုကျူးလွန်သူက ခုနစ် နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါ့ အပြင် တစ်လင်တစ်မယားစနစ်ကျင့် သုံးခြင်းဆိုင်ရာ ဥပဒေအရ အိမ် ထောင်ရေး ပြစ်မှုကျူးလွန်သူကို ကျန် သည့် မယား သို့မဟုတ် လင်က လင် မယားကွာရှင်းခွင့်ရှိတဲ့အပြင် အိမ် ထောင်ရေးပြစ်မှုကျူးလွန်သူက နှစ်ဦး ပိုင်ပစ္စည်းနှင့် စပ်လျဉ်းပြီး အခွင့်အ ရေးဆုံးရှုံးခံရမယ်လို့ ပြဋ္ဌာန်းထားပါ တယ်”

“ဒါဆိုရင် အခုအိမ်မြေအရောင်း အဝယ်ကိစ္စမှာလည်း လင်မယားကွာ ရှင်းတာက တစ်လင်တစ်မယားစနစ် ဥပဒေအရ ကွာရှင်းတာဖြစ်လို့ လင် ယောကျ်ားအနေနဲ့ ပစ္စည်းခန်း ခံစား ခွင့်မရှိလို့ ပြောတာဖြစ်မယ် ဆရာ”

ဝယ်ယူမည့်မြေ၏ ဂရန်အမည်ပေါက်နှင့် မြေပုံရာဇဝင်မှတ်တမ်းတွင် အမည်သတ်ပုံ လွဲမှားနေလျှင်

တချို့က မှတ်ပုံ တင်မှာ ဒေါ်ငွေရင်ဖြစ်နေပြီး အိမ် ထောင်စုစာရင်းမှာ ဒေါ်ရင်ဖြစ်နေ တာမျိုးလည်း ရှိတတ်တယ်”

“ဒါဆိုရင် ဘယ်လိုဆောင်ရွက် ရသလဲ”

“ဒေါ်ငွေရင်နဲ့ ဒေါ်ရင်မှာတစ်ဦး တည်းဖြစ်ကြောင်း ဒေါ်ငွေရင်ခေါ် ဒေါ်ရင်ဖြစ်ကြောင်း ကျမ်းကျိန်လွှာနဲ့ ကာယကံရှင်က တင်ပြလျှောက်ထား ရပါတယ်။ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာ လ.ဝ.က ရုံးမှ ထောက်ခံစာတို့ကို ပူးတွဲတင်ပြရတယ်။ အဓိကအချက် ကတော့ ဒေါ်ရင်ဖြစ်စေ၊ ဒေါ်ငွေရင် ဖြစ်စေ ဂရန်စာချုပ်ပါ ဒေါ်ငွေရင်ရဲ့ မှတ်ပုံတင် အမှတ်နဲ့ မှတ်တမ်းမှာရှိ ဒေါ်ရင်ရဲ့ မှတ်ပုံတင်အမှတ် တူညီဖို့ တော့ လိုတယ်”

တူ၊ တူမများ အမွေဆက်ခံခွင့်ရှိသည့် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်

ဗုဒ္ဓဘာသာဝင် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ အမွေ ဆက်ခံမှုနဲ့ ပတ်သက်လို့ မျိုးရိုးစဉ် ဆက် သတ်မှတ်ထားချက်ရှိကြောင်း တရားရုံးချုပ်က ဆုံးဖြတ်တဲ့ ဦးမြင့်စိုး နှင့် ဦးသန်းစိုးပါ လေးဦး၊ ၂ဝဝ၈ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ -၈၄ မှာ မြန်မာ့ဓလေ့ထုံး တမ်း ဥပဒေအမွေခန်း ဥပဒေအရ ကွယ်လွန်သူတွင် ဇနီး၊ ခင်ပွန်း၊ သား သမီး၊ မြေး၊ မြစ်၊ အစရှိသော တိုက် ရိုက်အဆက်အနွယ်များ၊ ကိတ္တိမ သားသမီး၊ လင်ပါမယားပါ သားသမီး နှင့် ကိဠိတ သားသမီးအစရှိသူများ မရှိလျှင် ထိုသူ၏ အမွေပစ္စည်းများကို ဆက်ခံခွင့်ရှိသည့် ဆွေမျိုးသားချင်း၏ အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ် သည်။

အိမ်မြေအရောင်းအဝယ် ပြုလုပ်စဉ် ပူးတွဲပိုင်ရှင် ကွယ်လွန်သွားလျှင်

“သာမန်အားဖြင့်ကြည့်ရင်တော့ ဟုတ်သလိုပဲ။ ဒါပေမယ့် မေတ္တာနဲ့ ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်အရ သားနဲ့သမီးက ပူးတွဲပိုင်ရှင်ဖြစ်သွားတယ်။ ပြီးတော့ အဲဒီသားနဲ့သမီးက မိခင်နဲ့အတူနေကြတယ်။ တစ်နည်း အားဖြင့်ပေးကမ်းလိုက်တဲ့ အိမ်မြေကို လက်ခံသူနှစ်ဦးလုံးက လက်ရှိနေထိုင်နေတာကြောင့် လက်ရောက်ပေး အပ်တဲ့ သဘောသက်ရောက်သွားတယ်”

“ဒါဆိုရင် မိခင်ကြီးက အမည်ပေါက်နေပေမယ့် ပိုင်ဆိုင်ခွင့်မရှိတော့ဘူးပေါ့”

“မြေအိမ်အမည်ပေါက်က အမည်ပြောင်းမလျှောက်ထားခဲ့လို့ မိခင်အမည်နဲ့ ရှိနေတာ။ ဥပဒေအရတော့ ပေးကမ်းခြင်းမှတ်ပုံတင်စာချုပ်အရ ကွယ်လွန်သူသားနဲ့ ကျန်ရစ်တဲ့ သမီးတို့ကသာ ပူးတွဲပိုင်ရှင်ဖြစ်ပါတယ်”

ဝယ်ထားသော တိုက်ခန်းတွင် ဆိုင်ခန်းဖွင့်မည်ဆိုလျှင်

လစဉ်ငှားရမ်းခပေးတဲ့စနစ်၊ စပေါ်ငွေပေးစနစ်နဲ့ အပျောက်ငွေပေးစနစ်ဆိုတာ ရှိတယ်။ လစဉ် ငှားရမ်းခပေးစနစ်ကတော့ လစဉ်လဆန်းရက်တိုင်းမှာ အိမ်ငှားရမ်းခပေးသွင်းတဲ့ စနစ်ဖြစ်တယ်။ စပေါ်ငွေဆို တာကတော့ အာမခံသဘောမျိုးတင်ထားတဲ့ ငွေကြေးဖြစ်တယ်။ အိမ်ငှားက ငှားရမ်းခြင်းပြတ်စဲပြီး အဆောက် အအုံမှ ထွက်ခွာသွားတဲ့အခါမှာ စပေါ်ငွေကို အိမ်ရှင်က ပြန်လည်ပေးအပ်ရတဲ့ စနစ်ဖြစ်တယ်။ အပျောက်စနစ် ကတော့ မိမိနေထိုင်တဲ့ တိုက်ခန်း၊ အိမ်ခန်းကို တန်ဖိုးသတ်မှတ်ပြီး လွှဲပြောင်းရောင်းချခွင့်ရှိတယ်။ ဒါအပြင် ဝယ်ထားတဲ့ တိုက်ခန်းကိုအခြား တစ်ဦးထံ တန်ဖိုးသတ်မှတ်ပြီး ထပ်မံလွှဲပြောင်းခွင့်ရှိမှာဖြစ်တယ်။ ဒါပေမယ့် စပေါ်ငွေနဲ့ဖြစ်ဖြစ် အပျောက်ငွေနဲ့ဝယ်ထားတာဖြစ်ဖြစ်၊ တိုက်ခန်း အိမ်ခန်းမှာနေထိုင်ကြသူတွေဟာ မြေရှင် အိမ်ရှင်ကို လစဉ်အိမ်ငှားရမ်း ခပေးရတဲ့အတွက် ဥပဒေအရ အိမ်ရှင်အိမ်ငှားဆက်စပ်မှုရှိနေမှာဖြစ်တယ်”

မိဘက သားသမီးအမည်ဖြင့် ဝယ်ထားသည့် အိမ်နှင့် မြေကို ဝယ်မည်ဆိုလျှင်

“မိမိကိုယ်ပိုင်ငွေနဲ့ ဝယ်ထားတဲ့ မြေနဲ့အိမ်ဆိုရင်တော့ ဘယ်သူက ကန့်ကွက်လို့ရမလဲ။ ဒါပေမယ့် မိဘကဖြစ်စေ၊ တစ်ဦးဦးက ၎င်းပိုင်ငွေနဲ့ သားသမီးကိုဖြစ်စေ၊ အခြားတစ်ဦးဦးကိုဖြစ်စေ၊ အမည်ပေါက်အဖြစ် ဝယ် ပေးထားရင်တော့ အမည်ပေါက် သူက ပိုင်ဆိုင်ခွင့်မရှိဘူး။ ဥပဒေအရတော့ အမည်ငှားအဖြစ်ဝယ်ထားတာ ဖြစ်တယ်”

“တို့က မကြာသေးမီရက်ပိုင်းမှာ ဂရန်မြေနဲ့အိမ်ကို ဝယ်လိုက်တယ် သူငယ်ချင်း”

“ငွေအကြေချေပြီးပြီလား”

“ငွေတော့ အကြေမချေရသေးပါဘူး။ ဒါပေမယ့် စရန်ငွေတော့ချပေးခဲ့တယ်။ ရောင်းသူအမည်ပေါက် ဆိုတော့ ရှင်းတယ်ပေါ့ သူငယ်ချင်းရယ်”